Connect with us

Environment, Disasters & Accidents

ဖားကန့် မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၈ ဦးသေ ၊ ၁၁ ဦး ဒဏ်ရာရရှိ

မြေစာပုံပြိုကျရာ နေရာတွင် ကယ်ဆယ်ရေးများ လုပ်ကိုင်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၆ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာ၌ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

မေလ ၄ ရက်နေ့တွင် မြေစာပုံ ပြိုကျခဲ့ရာ သေဆုံးသူ ၁၇ ဦး ရှိခဲ့ရာ မေ ၅ ရက် ညနေပိုင်းတွင် သေဆုံးသူ ၁ ဦးအား ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၈ ဦး နှင့် ဒဏ်ရာရရှိသူ ၁၁ ဦး ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာ၌ မေ ၄ ရက် နံနက်ပိုင်းတွင် အလျားပေ (၁၀၀)၊ ထု(၂၀) ပေခန့် ရှိသော မြေစာပုံသည် အောက်ဘက် ပေ (၂၀၀) ခန့်သို့ ပြိုကျခဲ့ခြင်း ဖြစ်သည်။(Xinhua)