Connect with us

Environment, Disasters & Accidents

မိုးညှင်းမြို့ တွင် အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ၏ တောင်ဘက် (၇)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၄.၆၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၆) ဒီဂရီ၊ အနက် (၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၄.၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျင်သည် မေလ၆ ရက်နေ့ ၂၀:၀၇ နာရီ အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ (Xinhua)