Connect with us

Environment, Disasters & Accidents

မြဝတီ- ကော့ကရိတ် အာရှလမ်း၌ ဘုရားဖူး မှန်လုံယာဉ် လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိ

လမ်းချော် တိမ်းမှောက်ခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ မေ ၆ ရက်(ဆင်ဟွာ)

မြဝတီ- ကော့ကရိတ် အာရှလမ်း၌ ဘုရားဖူး မှန်လုံယာဉ် တစ်စီးသည် လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် အပါအဝင် အမျိုး သား ငါးဦး၊ အမျိုးသမီး ၁ဝ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာ များ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မြဝတီ- ကော့ကရိတ် အာရှလမ်းကွမ်းခြံကုန်းကွေ့ကုန်းဆင်းနေရာတွင် မေ ၅ ရက်တွင် ကော့ကရိတ်မှ မြဝတီသို့ မောင်းနှင်လာသည့် ဘုရားဖူး မှန်လုံယာဉ် တစ်စီးသည် မိုးရွာသွန်းမှုကြောင့် လမ်းချော်နေပြီး ယာဉ်မောင်းမှာ ဘရိတ် အုပ်ရာ လမ်းယာဘက်ခြမ်းသို့ တိမ်း မှောက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဘုရားဖူးယာဉ်တွင် ယာဉ်မောင်း ၊ ယာဉ်နောက်လိုက် နှင့် စီးနင်းလိုက်ပါသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၂၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထိုကြောင့် ယာဉ်မောင်း ဖြစ်သူအား သင်္ဃန်းညီနောင် ရဲစခန်းမှ အမှုဖွင့် အရေးယူထားပြီး ထိခိုက် ဒဏ်ရာ ရရှိသူ များအား မြဝတီခရိုင် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)