Environment, Disasters & Accidents
မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားနေအိမ် ၁၀ လုံးမီးသင့်၊ ကလေးငယ်တစ်ဦး သေဆုံး
ေမန္တလေး၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)၌ နေအိမ် ၁၀လုံး မီးကူးစက်လောင်ကျွမ်းပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အကွက် (၃၂၃) ၃၅လမ်းထောင့် ၊ အကွက် (၃၂၃) ဂေါဝန်ရပ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင် သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်းတစ်ခန်းတွင် အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ထင်းမီးဖြင့် ထမင်းအိုး တည်ရာမှ အနီးရှိ ထရံသို့ ကူးဆက်ကာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် စည်ပင်သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်း သွပ်မိုးထရံကာ မြေစိုက်အိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၇ နာရီ ၂၂မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level 2 အဆင့်ရှိပြီး မီးသတ်ယာဉ် ၂၅စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၅ စီး၊ သန္ဓေ ၅၀ ဦး၊ အရံ ၁၀၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)