Connect with us

Environment, Disasters & Accidents

ရန်ကုန်-ပုသိမ် ကားလမ်းပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ

ရန်ကုန်-ပုသိမ် ကားလမ်းပေါ်၌ ယာဉ်တိုက်မှုကြောင့် တိမ်းမှောက်သွားသောမော်ကားအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်-ပုသိမ် ကားလမ်းပေါ်၌ ဖေဖော်ဝါရီ ၁၂ ရက် ည ၇နာရီ ၃၀မိနစ် ခန့်က ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ပြည်ထဲရေးဝန်ကြီးဌာန ၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်(၄၇/၃-၄)ကြားတွင် Canda ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ  ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Hilux အမျိုးအစားယာဉ်အား မျက်နှာချင်းဆိုင် ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။အဆိုပါယာဉ်တိုက်မှုကြောင့်  Canda ယာဉ်ပေါ်ပါ အမျိုးသား ၃ဦး အခင်ဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန် ဒဏ်ရာရရှိသူ ၇ ဦးအနက် အမျိုးသား ၂ ဦး ဒဏ်ရာအပြင်းအထန်(စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းသူနှင့် Hilux ယာဉ်မောင်း တို့ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းယာဉ်တိုက်မှုကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအား ပန်းတနော်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးCanda ယာဉ်မောင်း အောင်မျိုးသန့်(သေဆုံး)အား ပန်းတနော်မြို့မရဲစခန်း၊ ယာဉ်(ပ)၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်၊ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ (Xinhua)