Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားနေအိမ် ၁၀ လုံးမီးသင့်၊ ကလေးငယ်တစ်ဦး သေဆုံး

နေအိမ်များ မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေစဉ်(MOI)

‌ေမန္တလေး၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)၌ နေအိမ် ၁၀လုံး မီးကူးစက်လောင်ကျွမ်းပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အကွက် (၃၂၃) ၃၅လမ်းထောင့် ၊ အကွက် (၃၂၃) ဂေါဝန်ရပ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင် သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်းတစ်ခန်းတွင် အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ထင်းမီးဖြင့် ထမင်းအိုး တည်ရာမှ အနီးရှိ ထရံသို့ ကူးဆက်ကာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်  စည်ပင်သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်း သွပ်မိုးထရံကာ မြေစိုက်အိမ် ၁၀ လုံး မီးလောင်ကျွမ်းခဲ့ပြီး ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီ ၂၂မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level 2 အဆင့်ရှိပြီး မီးသတ်ယာဉ် ၂၅စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၅ စီး၊ သန္ဓေ ၅၀ ဦး၊ အရံ ၁၀၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117