Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ၂၂ ဘီးတွဲယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြသည့်လူများအား ဝင်ရောက်တိုက်မိ (၄)ဦးသေ (၉)ဦးဒဏ်ရာရရှိ

အခင်းဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာအနီး၌ စားသုံးဆီများ တင်ဆောင်လာသည့် ၂၂ ဘီး တွဲယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်ပြီး လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့ကာ ရပ်နားနေကြ သည့် လူများအား ဝင်ရောက် တိုက်မိသဖြင့် (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၁ရက်  မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ရန်ကုန်-မန္တလေးလမ်းမကြီး မိုင်တိုင်အမှတ် (၃၆၅/၄)နှင့် (၃၆၅/၅)အကြား ဒိုင်ကောင်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စားဆီများ တင်ဆောင်ပြီး ယာဉ်မောင်း ကိုတင်မောင်ဝင်း မောင်းနှင်ကာ ဘေးခုံတွင် ကိုမြင့်စိုး၊ ဦးကေသရ၊ ဦးကုသလာစာရတို့ စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် 4N/…… NISSAN DIESEAL အမျိုးအစား (၂၂)ဘီး တွဲယာဉ်သည် ဂျွိုင်းဆက်ပြုတ်ပြီး ယာဉ်မှာ လမ်း၏ဝဲဘက်ခြမ်းသို့ လဲကျတိမ်းမှောက်ခဲ့ကြောင်း၊ ထိုသို့တိမ်းမှောက်ရာတွင် လမ်း၏ဝဲဘက်ခြမ်းရှိ အပင်အောက်၌ ရပ်နားနေကြသော လူများအား ဝင်ရောက်တိုက်မိပြီး မောင်သိဒ္ဓိ (၁၉)နှစ်၊ ကိုချစ်သူမောင် (၃၁)နှစ်၊ မလင်းလင်း (၄၀)နှစ်နှင့် အမည်မသိ (၆)နှစ်အရွယ်ကလေးတို့ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဦးကေသရ၊ ဦးကုသလာစာရ၊ ကျော်ဝဏ္ဏ၊ မချောအိဖြိုး၊ ဒေါ်ချို၊ စိုးသက်ဦး၊ ဇော်နိုင်ဝင်း၊ ကိုဝဏ္ဏဖြိုး၊ ကိုစိုးကျော်လှိုင်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်နယ်မြေရဲစခန်းမှ အများသူငါ သွားလာရာလမ်းပေါ်တွင် အခြားသူများအား သေဆုံး/ထိခိုက်ဒဏ်ရာများ ရရှိအောင် ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့သူ ကိုတင်မောင်ဝင်းအား အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.