Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်ဒေသကြီး မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ တွင် အင်အား၄.၁ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်ဒေသကြီး မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၂.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၇)ဒီဂရီ၊ အနက်(၈၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၁)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၁၀)မိနစ်၊ (၄၇)စက္ကန့်အချိန်တွင် တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။  (Xinhua)