Environment, Disasters & Accidents
မိုင်းဆတ်-မိုင်းခုတ်လမ်း မြေပြိုပြီး လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံး
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့၌ ဇူလိုင် ၂၇ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မိုင်းဆတ်-မိုင်းခုတ် သွားလမ်းမ သဲတောင် ၂၃ ကီလိုမီတာ တွင် လမ်းခင်းလုပ်ငန်းလုပ်ကိုင်လျက်ရှိသော အလုပ်သမားများနေထိုင်သည့် ယာယီတဲတန်းပေါ်သို့ ကျောက်တုံးများ နှင့် မြေသားများ ပြိုကျမှုကြောင့် တဲအတွင်းအိပ်နေသော အလုပ်သမား များအနက် ဦးတင်လင်း(၃၅နှစ်)၊ ဦးစိုးပိုင် (၃၅နှစ်)နှင့် ဦးဇော်ဦး (၄ဝနှစ်)တို့သုံးဦး မြေပိပျောက်ဆုံးကြောင်း သိရသည်။
အဆိုပါ မြေပိပျောက်ဆုံးသူများအား ကူညီရှာဖွေဆောင်ရွက်ခဲ့ရာ အလောင်းနှစ်လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)