Connect with us

Environment, Disasters & Accidents

စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်နေ၍ မဒေါက်မြို့၌ ရေနစ်မြုပ်သော အိမ် ၂၀၀ ကျော်ထိ တိုးလာ

စစ်တောင်းမြစ်ရေမြင့်တက်ပြီး မဒေါက်မြို့၌ ရေကြီးနေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မဒေါက်မြို့စစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ရေမြုပ်နေအိမ် ၂၀၀ ကျော်ထိ တိုးလာပြီး ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ပြောင်းရွှေ့ ပေးထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

စစ်တောင်းမြစ်ရေဆက်လက်မြင့်တက်မှုကြောင့် ဇူလိုင် ၂၅ ရက်နေ့ညက နေအိမ် ၂၉လုံး၊ ဇူလိုင်၂၆ ရက်နေ့တွင်နေအိမ် ၄၁လုံးနှင့် ဇူလိုင် ၂၇ ရက်နေ့တွင် နေအိမ် ၁၄၆ လုံး စုစုပေါင်း လူနေအိမ် ၂၁၆ လုံး ရေနစ်မြုပ်နေ၍ အိမ်ထောင်စု ၂၁၆ စု မှ ရေဘေးသင့်ပြည်သူ ၉၀၀ကျော်အား ယာယီကယ်ဆယ်ရေး စခန်းများထားရှိသည့် မြို့မ ၁ ရပ်ကွက် တိုင်တရာဘုန်းကြီးကျောင်း၊ မြို့မ ၂ရ ပ်ကွက် တံခွန်တိုင် ဘုန်းကြီးကျောင်းနှင့် သာသနာ့ဝံသဘုန်းကြီးကျောင်း များသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းနေရာ ချထားပေးလျက်ရှိကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး မဒေါက်ဒေသအတွင်းရှိ မြစ်ကမ်းအနီး နှင့်မြေနိမ့်ပိုင်းနေထိုင်သော ကျေးရွာများ၌လည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.