Connect with us

Environment, Disasters & Accidents

ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်

ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာဉ်များ ပိတ်ဆို့နေမှုအားတွေ့ရစဉ် (MOI)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်ထိ မြင့်တက်လာသောကြောင့်ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်းမြစ်ရေကျော်တက်မှု၊ ရေကြီးရေလျံမှုများဖြစ်ပေါ်လျက်ရှိရာ ရန်ကုန် မော်လမြိုင်ကားလမ်းမကြီး၏ ဘီးလင်းမြို့နယ်တွင်း ဖြတ်သန်းသောအချို့လမ်းပိုင်းများတွင်မြစ်ရေကျော်တက်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရဘဲ ယာဉ်ကြောများပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

လာမည့်(၂)ရက်အတွင်း မြစ်ရေဆက်လက်မြင့်တက်နိုင်ဖွယ်ရှိပါသောကြောင့် မော်တော်ယာဉ်ကြီး /ယာဉ်ငယ်များ အားဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမည်ဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.