Connect with us

Environment, Disasters & Accidents

မုန်တိုင်းဝင်နိုင်သည့်အတွက် ပြည်သူများကြိုတင်ပြင်ဆင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ အကြံပြုချက်ထုတ်ပြန်

မုန်တိုင်း နှင့် ပတ်သက်၍ သတိပေးချက် များကြေညာစဉ်

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း ၏ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက်လည်း ပြည်သူ များအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ အကြံပြုချက်ထုတ်ပြန်သည်။

(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားရန်

( ခ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားရန်၊

( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ရန်၊

(ဃ) ကမ်းခြေများတွင် ရောက်ရှိအပန်းဖြေနေသူများသတိပြုနေထိုင်ရန်၊

( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားရန်၊

( စ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အကြားမှဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2Bမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြက်ရေဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်သည့်အတွက်လည်း ကုန်းတွင်း ပိုင်းဒေသများသည် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်များခံစားရနိုင်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ကြောင်း ၊

(ဆ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းရန်၊

( ဇ) မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ရန် အကြံပြုချက်ထဲတွင်ပါရှိသည်။

ထို့အပြင် ပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မာရသာ အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက် မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ လိုအပ် သည့်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အကြံပြုချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.