Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း အား အနီရောင်အဆင့်သတ်မှတ်

မုန်တိုင်းဖြတ်နိုင်ခြေရှိသည့် နေရာပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မာရသာ သည် မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီ ရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန်တွင် မြောက် လတ္တီကျု(၁၇.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.ဝ) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ်နိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းတည့်မှ နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးဇလမှ ခန့်မှန်းချက်ထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့် ဆုံးလေတိုက်နှုန်း မှာ တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်း ရိုးတန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နင့် ဂွမြို့တို့၏ ကမ်းခြေဒေသ များတွင် (၄)ပေမှ (၆)ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသ များတွင် (၂) ပေမှ (၄)ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.