Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မာရသာ နှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှကြီးကြပ်၍ ပြင်ဆင်မှုများဆောင်ရွက်ချက်ရှိ

မုန်တိုင်းကြိုတင်မှုများဆောင်ရွက်စဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လမ်းညွှန်ကြီးကြပ်မှု ဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထား ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ သည် မိုးကြိုကာလနှင့်မိုးတွင်းကာလများတွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်၍ (၂၉-၃-၂၀၁၇)နေ့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအ‌ဝေး(၁/၂၀၁၇)ကို ကျင်းပကာ ဖြစ်ပေါ် လာနိုင်သည့်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် ကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များသို့ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိမိတို့ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် လိုအပ်သည့် လုပ်ငန်းများ၊ ပြည်သူလူထုကိုယ်တိုင် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ သို့ အကြံပြုပေးပို့ထားရှိပြီး ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန်လည်း ကြိုတင်လမ်းညွှန်ထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယခုလက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်း မုန်တိုင်း မာရသာ(Maarutha)နှင့်ပတ်သက်၍လည်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဒေသအလိုက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန်နှင့် အောက်ခြေပြည်သူလူထု အထိ ကြိုတင်သတိပေးချက်များရောက်ရှိအောင် ဆောင်ရွက်ထားရှိရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ ထပ်မံ၍လည်း နှိုးဆော်ထားကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လည်း စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေး လုံခြုံသည့်နေရာများသို့ ကြိုတင်ရွှေ့ပြောင်း သိုလှောင်ထားရှိစေခြင်းနှင့် မုန်တိုင်းဝင်ရောက်လာပါက အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများဆောင်ရွက် နိုင်ရန်၊ ပြည်သူမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပေါ်နိုင်သည့် အခြားဘေးအန္တရာယ်များအတွက် ကြိုတင်အသင့်ဖြစ်စေရန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်လျက်ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ရမ်းဗြဲမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိပြီး လိုအပ်ပါက ရွှေ့ပြောင်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ထောက်ပံ့ရေးစသည့် အလျင်အမြန်တုံ့ပြန်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စုဖွဲ့ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.