Connect with us

Environment, Disasters & Accidents

မောင်တောမြို့နယ်၌ နှစ်ရက်အတွင်း ကျပ်သိန်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မောင်တောမြို့ အ၀င်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၁၇ရက်နှင့် ၁၈ရက်နှစ်ရက်တွင် ကျပ် သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့ အမှတ်(၅)ရပ်ကွက် လမ်းမပေါ်၌ အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ယာဉ် ၁ စီးအား တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ရှေ့ ခန်းရှိ ဆာလာအိတ် ၂ လုံးအတွင်းမှ ကျပ်သိန်း ၉,၇၅၀ တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၄၈၇၅၀၀ ပြား အား သိမ်းဆည်းရမိခဲ့ပြီး မောင်တောမြို့၊ မြို့ဝင်တံတားဂိတ်၌ အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် NISSAN ပစ်ကပ်ယာဉ်အား စစ်ဆေးစဉ် ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်(၄) အိတ် ဖြင့်ထည့်ထားသည့် ငွေကျပ် ၁၉,၁၁၀ သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား (၉၅၅,၅၀၀)ပြား အား ထပ်မံ သိမ်းဆည်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော တရားခံနှစ်ဦးအား မောင်တောမြို့မစခန်းတွင် ဖမ်းဆီးစစ်ဆေး အရေးယူထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.