Environment, Disasters & Accidents
မြစ်ကြီးနားမြို့ ၏ အနောက်မြောက်ဘက် ၁၉ မိုင်ခန့်အကွာတွင် အင်အား၄.၀ အဆင့်ရှိ ငလျင်လှုပ်ရှား
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၏ အနောက်မြောက်ဘက် (၁၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၅.၅၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၁၄ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည်၂၀၁၈ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀း၄၅နာရီ အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် (၂၁)မိုင်ခန့် ကွာဝေးသော နေရာတွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)