Connect with us

Environment, Disasters & Accidents

ပခုက္ကူမြို့၌ ချောင်းရေ မြင့်တက်မှုကြောင့် လူနေအိမ် အချို့ မျောပါ

နေအိမ် အချို့ ချောင်းရေ ၀င်ရောက်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ပခုက္ကူမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ ဇွန်၇ရက် နံနက်၄နာရီခန့်က ရွှေချောင်း ချောင်းရေ တိုက်စားမှုကြောင့် ပခုက္ကူမြို့၊ အမှတ် ၃ရပ်ကွက်တွင် လူနေအိမ် ၃လုံး မျောပါပြီး နေအိမ် အချို့ ရွှေ့ပြောင်း ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နံနက် ၄ နာရီ ခန့်တွင် ချောင်းရေ ရေစီးကြမ်းလာကာ အမှတ်၃ရပ်ကွက် အတွင်းရှိ လူနေအိမ် ၃လုံး နှင့် ပြင်ဆင်ရန် ရပ်ထားသည့် ကားတစ်စီး မျောပါခဲ့ကြောင်း ၊ လူနေအိမ် ၃လုံး နှင့် ဓမ္မာရုံ တစ်လုံး ပြောင်းရွှေ့ရကြောင်း သိရသည်။

ချောင်းရေ တိုက်စားသည့် နေရာသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၊ ခရိုင် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ခရိုင်/မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ ၊ မီးသတ်တပ်ဖွဲ့ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.