Connect with us

Environment, Disasters & Accidents

ပခုက္ကူ ကန်တော်ဆည် ကျိုးပေါက်ပြီး ကားလမ်း ရေကျော်မှုဖြစ်ပွား

- ပခုက္ကူ ကန်တော်ဆည် ကျိုးပေါက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအုပ်စု၊ ကန်တော်ကျေးရွာ၊ ကန်တော်ဆည် ရေပိုရေလွှဲ ပေ (၃၀၀)ခန့် အနက်မှ ပေ(၁၀၀) ခန့် ဇွန် ၆ ရက်နေ့ နံနက် ၅ နာရီခန့်က ကျိုးပဲ့ခဲ့ပြီး ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေပိုလွှဲမှ ရေကျော်မှုများကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင်အမှတ် ၁၁/၂ ကန်တော် အရှေ့ ရေကျော် တွင် ၁ ပေခန့် ရေကျော်မှုဖြစ် ပွားခြင်းကြောင့် ယာဉ်သွားလာမှု ခေတ္တရပ်ဆိုင်း ခဲ့ကြောင်းသိရသည်။

ထိုရေဝင် တိုက်စားကျိုးပဲ့သည့် ကန်တော်ဆည် တာဝန်ရှိသူများ စစ်ဆေးပြီး ရေပို လွှဲနှင့် ကန်ပေါင်များ ထပ်မံ မပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု အခက် အခဲ မဖြစ်စေရန် တို့အတွက် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း ၍ စက်အား၊ လူအားများဖြင့် ဝိုင်းဝန်း ဆောင်ရွက် ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.