Environment, Disasters & Accidents
မြစ်ရေကြီးနိုင်၊ ညောင်ဦး နှင့်မုံရွာမြို့ မြေနိမ့်ပိုင်းနေထိုင်သူများသတိပြု
ရန်ကုန်၊ ဇူလိုင်၂၄ရက် (ဆင်ဟွာ)
ညောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေ ဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၃)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ချင်းတွင်းမြစ်ရေသည်လည်း မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၁)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေ
မှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)