Connect with us

Environment, Disasters & Accidents

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေတက်၍ ခန္တီးမြို့၌ ဒုတိယ အကြိမ် ရေများဝင်ရောက်

ခန္တီးမြို့တွင် ရေဝင်ရောက်နေစဉ် (M.O.I)

ရန်ကုန်၊ ဇူလိုင် ၂၄ရက် (ဆင်ဟွာ)

မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေတက်၍ ခန္တီးမြို့၌ ဒုတိယ အကြိမ် ရေများဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ခန္တီးမြို့တွင် ဇူလိုင်လ၌ မိုးအဆက် မပြတ်ရွာသွန်းနေမှုကြောင့် ချင်းတွင်း မြစ်ရေ သည် ဇူလိုင် ၂၃ ရက် နံနက် ၁၁ နာရီခွဲတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၄ဝ၅ စင်တီမီတာ သို့ ရောက်ရှိနေပြီး ခန္တီးမြို့၏ စိုးရိမ်ရေအမှတ် ၁၃၆ဝ စင်တီမီတာ အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စိုးရိမ်ရေ အမှတ်သို့ ရောက်ရှိနေသောကြောင့် ခန္တီးမြို့ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် မြို့မရပ်ကွက်၊ မြို့မနှင့် ပေါမိုင်းရပ်ကွက်တို့တွင် ရေများ ဒုတိယအကြိမ် ပြန်လည် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.