Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ ထီးချိုင့်မြို့တွင် စိုးရိမ်ရေအမှတ်သို့ရောက်နိုင်

ဧရာဝတီမြစ်ရေ ထီးချိုင့်မြို့တွင် စိုးရိမ်ရေအမှတ်သို့ရောက်နိုင်ကြောင်းကြော်ငြာ (M.O.I)

ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် ဇူလိုင် ၂၅ ရက် နေ့လည်(၁၂)နာရီအချိန် တိုင်းထွာချက် အရ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ထီးချိုင့်မြို့တွင် ၈၇၉ စင်တီမီတာ သို့ရောက်ရှိ နေ၍ အဆိုပါမြို့၏ စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

သို့ဖြစ်ရာ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်နှင့် မလိုလားအပ်သော ဘေးအန္တရာယ်များမှ ကင်းဝေးစေရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့မိမြို့ဖများပါဝင်သော အဖွဲ့သည် ယနေ့ နေ့လည် ၁ နာရီခန့်က ဧရာဝတီမြစ် ကမ်းနဘေး နှင့် မြေနိမ့်ပိုင်း တွင်နေထိုင်ကြသောပြည်သူ့များအား သတိနှင့်နေထိုင်ကြရန် ၊ အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါ က သတိပြုနေထိုင် ဆောင်ရွက်ရမည့် အခြေအနေများကို ဧရာဝတီမြစ်အတွင်း စက်လှေ များဖြင့် လိုက်လံနှိုးဆော် သတိပေးလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.