Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံပြည်ပတွင် အင်အား၅.၁ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ -- မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်ပ (မဏိပူရအနီးအိန္ဒိယ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး မြန်မာနိုင်ငံ နှင့် နီးစပ်သော်လည်း သက်ရောက်မှု မရှှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ပြောကြားသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “ဒီငလျင်က မြန်မာနိုင်ငံ ပြည်ပ မှာ ဗဟိုပြု ုပြီး လှုပ်ရှားခဲ့တာပါ။ အင်အားကလည်း သိပ်မကြီးတဲ့ အတွက် မြန်မာနိုင်ငံပြည်တွင်းကို သက်ရောက်မှု မရှိပါဘူး’’ ဟုပြောသည်။၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၈)နာရီ (၃၂)မိနစ် (၄၉)စက္ကန့် အချိန်တွင်မန္တလေး မြငလျင်စခန်းမှအနောက်မြောက်ဘက် (၂၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (မဏိပူရအနီး အိန္ဒိယ) ကို ဗဟိုပြု ု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော အဆိုပါမြေငလျင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)