Connect with us

Environment, Disasters & Accidents

၂၀၁၇ခုနှစ်နွေရာသီပုံမှန်ထက်ပိုမို ပူပြင်းသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်းမိုးဇလပညာရှင်ဒေါက်တာထွန်းလွင်ပြောကြား

မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၏ နွေရာသီမစင်တင်မီ ပြီးခဲ့သည့် ဇန်နဝါရီလသည် မှတ်တမ်းကာလတလျှောက် ဇန်နဝါရီလများထဲတွင် တတိယ အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၇ခုနှစ် နွေရာသီသည် ၂၀၁၅-၂၀၁၆ နှစ်များလောက် အပူချိန် မပြင်းထန်သော်လည်း ပုံမှန်ထက်ပိုမို ပူပြင်းသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆင်ဟွာကိုပြောသည်။

မှတ်တမ်းကာလဆိုသည်မှာ ၁၈၅၀ လောက်က စသည့် ကမ္ဘာ့မှတ်တိုင်သမိုင်းတွင် ၂၀၁၄ ခုနှစ်သည် အပူဆုံးနှစ်ဖြစ်သွားခဲ့ကြောင်း၊ သို့သော် ၂၀၁၅ခုနှစ်သို့ ရောက်သည့်အခါ ၂၀၁၅ ခုနှစ်သည် ၂၀၁၄ခုနှစ် ထက် စံချိန်ချိုးပြီး ပိုပူသည့် နှစ်တစ်နှစ် ဖြစ်လာခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်သို့ ရောက်သည့်အခါတွင်လည်း ၂၀၁၆ခုနှစ်သည် ၂၀၁၅ ထက် ပိုမိုပူပြင်းခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းသည့် နှစ်များဖြစ်လာခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း ၊ ခြွင်းချက်အနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ် သည် အလွန်အားကောင်းသောအယ်နီညိုနှစ်ဖြစ်ခဲ့ကြောင်း ၊ ထို့ကြောင့် ယခုနှစ်သည် ၂၀၁၅-၂၀၁၆ ခုနှစ်လောက် အပူချိန်မပြင်းထန်နိုင်သော်လည်း ပုံမှန်ထက်ပိုမို ပူပြင်းသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း သိရသည်။

နွေရာသီရေရှားသည့်အတွက် ရေတန်းစီခပ်နေကြသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဒေါက်တာထွန်းလွင်က “အမေရိကန်ပြည်ထောင်စု NOAA, IRI အဖွဲ့ကြီးရဲ့ Seasonal Forecast အရလည်း မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၇ ဧပြီလအထိ အပူချိန်တွေဟာ ဖြစ်မြဲထက် ပိုဖို့ သေချာမှု ၇၀% အထက်မှာ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။နောက်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ လောက်မှာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်ဖို့ သေချာမှု ၅၀% ခန့်ရှိလာနေပြန်ပြီလို့ USA, NOAA က ခန့်မှန်းထားပြန်ပါတယ်။ ဒါကြောင့်ပုံမှန်ထက်တော့ ပူနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်’’ ဟုပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ အထိ အပူချိန်စာရင်းဇယားများအရ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ၂၀၁၇ ဇန်နဝါရီ အထိဆိုလျှင် စုစုပေါင်း လပေါင်း ၂၅လ ရှိကြောင်း၊ ထို၂၅ လ၌ လတစ်လချင်းစီ၏ အပူချိန်များအား ကြည့်သည့်အခါ ခြွင်းချက်အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ တစ်လမှ လွဲပြီး ကျန်သည့် ၂၄ လ၏ တစ်လချင်းစီအပူချိန်များက လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဖြစ်သည့် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ နှစ်ပေါင်း ၃၀ အတွင်း ပျမ်းမျှအပူချိန် ထက်ကျော်လွန်နေခဲ့ကြောင်း သိရသည်။

နွေရာသီ

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ဖေဖော်ဝါရီလကုန်အထိ ဆောင်းရာသီဟု

သတ်မှတ်ထားကြောင်း၊ မတ်လ ၁ ရက်နေ့ကစပြီး မေလကုန်အထိ နွေရာသီဟု သတ်မှတ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရသိရသည်။

ဒေါက်တာထွန်းလွင်က “ဟိမဝန္တာဘက်ကလေ တွေက အခုထိရှိတုန်း။ နွေကို ဝင်လာလို့ မြေပြင်အပူချိန်က မြင့်တက်လာတယ်။ တချို့နေရာတွေမှာ အခုချိန်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ပူတဲ့နေရာတွေပေါ်နေပြီ။ ဧရာဝတီ အရှေ့ခြမ်း၊ ရန်ကုန်မြောက်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊ အဲ့ဒါက ၄၀ လောက်အထိ ပူတယ်။ အပေါ်တက်သွားရင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီ ကျန်တဲ့ ဒေသတွေ၊ ပဲခူးတိုင်း ကျန်တဲ့ဒေသတွေ ။ အဲ့ဒီ့ဒေသတွေအားလုံးက ဘယ်လောက်လောက်အထိ ပူလဲဆိုရင် ၃၂ ကနေ ၃၅ လောက် အထိ ပူတယ်။’’ လက်ရှိဖြစ်ပေါ်နေသည့် အပူချိန် နှင့်ပတ်သက်၍ ရှင်းပြသည်။

ပူသည့်ကာလ

မတ်လ ၁ရက် ကနေ ဧပြီ ၁၅ အထိ ၄၅ ရက် သည် အပူဆုံး ကာလဟု သတ်မှတ်ပြီး၊ နောက်တစ်ပိုင်းဖြစ်သည့် ဧပြီ ၁၅ ရက်မှ မေလ ကုန်အထိ ၄၅ ရက် ဟု နှစ်ပိုင်း သတ်မှတ်ထားကြောင်း သိရသည်။ ပထမတစ်ပိုင်းသည် ရေငွေ့မရှိသေးသည့် ခြောက်သွေ့သည့်လေ ဖြစ်ကြောင်း၊ မတ်လ ၁ရက်နေ့မှ ဧပြီလ ၁၅ရက် နေ့ အထိကာလအား ပူပြင်းခြောက်သွေ့သည့် နွေဟုသတ်မှတ်ကြောင်း၊ ဧပြီ လ ၁၅ နောက်ပိုင်းမှာ မုတ်သုံရှေ့ပြေးရေငွေ့ပါသည့်လေများသည် မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂလားပင်လယ်အော်၊ ထိုင်းပင်လယ်ကွေ့၊ ဘင်္ဂလားဒေ့ရှ် ဘက်ကဝင်ရောက်လေ့ရှိကြောင်း၊ ထို့ကြောင့် ဧပြီလ ၁၅ ရက်နောက်ပိုင်း လေသည် ရေငွေ့ပါဝင်မှုများလာကြောင်း၊ ရေငွေ့ပါဝင်မှု များလာသည့်အတွက် လေ၏အနေအထားသည် ပူနွေးစွတ်စိုသည့်လေဖြစ်လာကြောင်းသိရသည်။

အပူချိန်ဘယ်လိုခံစားရမလဲ

မကွေးတိုင်းဒေသကြီးတောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်မြောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးအလယ်ပိုင်း များတွင် အပူချိန်၄၀ နှင့် ၄၂ ဒီဂရီစင်တီဂရိတ်ကြားတွင် ခံစားရနိုင်ကြောင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မွန်ပြည်နယ်၊တို့တွင် အပူချိန် ၃၆ နှင့် ၄၀ ဒီဂရီစင်တီဂရိတ်ကြားခံစားရနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊

ကယားပြည်နယ်၊ ၊ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အပူချိန် ၂၉ မှ ၃၆ ဒီဂရီစင်တီဂရိတ်ကြား ခံစားရနိုင်ကြောင်း၊ ကချင်ပြည်နယ်အရှေ့မြောက်ပိုင်း၊ ချင်းပြည်နယ် အလယ်ပိုင်း၊

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတို့တွင် အပူချိန် ၁၆ မှ ၂၈ ဒီဂရီစင်တီဂရိတ်ကြား ခံစားရနိုင်ကြောင်း ဒေါက်တာထွန်းလွင်မှ ခန့်မှန်းပြောကြားသည်။

အပူလွန်ရင်ဒါတွေသတိပြု

အပူချိန်မြင့်မားပြီး မိုးရွာသွန်းမှုလျော့နည်းခဲ့ပါက အဓိက အားဖြင့် အချက် ၅ ချက်အား ဂရုစိုက်မည်ဖြစ်ကြောင်း၊ နွေရာသီကာလတွင် အပူရှိန်မြင့်မားမှုဒဏ် ကြုံတွေ့ရခြင်း၊ရေရှားပါးမှုဘေးဒဏ် ကြုံတွေ့ရခြင်း၊မီးလောင်ကျွမ်းမှုဘေးဒဏ်ကြုံတွေ့ရခြင်း၊စိုက်ပျိုးသီးနှံများထိခိုက်ပျက်စီးမှုဘေးဒဏ်ကြုံတွေ့ ရခြင်း၊ကျန်းမာရေးထိခိုက်မှုဘေးဒဏ်များကြုံတွေ့ရခြင်းစသည်တို့ ဖြစ်နိုင်သည့်အတွက် ဂရုစိုက်ရန်လိုအပ်ကြောင်း သိရသည်။

ဒေါက်တာထွန်းလွင်က “၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းအထိ ကြားနေနှစ် ဖြစ်ဖို့ အလားအလာများနေပါတယ်။

နောက်ပိုင်း(စက်တင်ဘာ+ အောက်တိုဘာ+နိုဝင်ဘာ) လများတွင်အယ်လိနီညို

တစ်ကျော့ ပြန်ဖြစ်ဖို့အလားအလာ ၅၀% အထိ တိုးလာနိုင်ပါတယ်။ဒါကြောင့် ဂရုပြုသင့်တယ်။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်’’ ဟုပြောသည်။

မုန်တိုင်းသတိ

မုန်တိုင်း များသည် မေလတွင် တစ်လုံး၊ အောက်တိုဘာ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာလောကတွင် မုန်တိုင်းလေးလုံး၊ မိုးတွင်းကာလတွင် မုန်တိုင်းတစ်လုံးလောက်ဖြစ်နိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.