Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အထက်ပိုင်းဒေသ မြစ်ရေကြီးမှု ကျဆင်းနိုင်ပြီး အောက်ပိုင်းဒေသ ဆက်လက် မြင့်တက်လာနိုင်

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် မြစ်ရေကြီးနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မြို့နယ်များတွင် မြစ်ရေကြီးမှု အခြေအနေမှာ စိုးရိမ်ရေမှတ်မှ ကျဆင်းရန် အခြေအနေရှိနေပြီး မြန်မာနိုင်ငံ အောက်ပိုင်းရှိ မြို့နယ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေရာမှ ဆက်လက် တက်လာပြီး စိုးရိမ်ရေမှတ်တွင် တည်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများသည် အထူးဂရုပြု နေထိုင်ကြရန် မြစ်ရေကြီးမှု အခြေအနေကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အောက်ပိုင်းရှိ အောင်လံမြို့ ၊ ပြည်မြို့၊ ဆိပ်သာမြို့၊ဟင်္သာတမြို့၊ ဇလွန်မြို့နှင့် ငါးသိုင်းချောင်းမြို ့များသည် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေများကြောင့် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေရာမှ နောက်နှစ်ရက်အတွင်း ပေဝက်ခန့်ဆက်လက် တက်လာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများသည် အထူးဂရုပြု နေထိုင်ကြရန် မြစ်ရေကြီးမှု အခြေအနေ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ရေကြီးမှု အခြေအနေမှာ ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေသည် ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အသီးသီး အထက်သို့ကျော်လွန်နေပြီး စိုးရိမ် ရေမှတ်များ အထက် ဆက်လက် တည်ရှိနိုင်ကြောင်း ယနေ့နေ့လည်ပိုင်း အချိန် တိုင်းတာချက်များအရ သိရသည်။ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေပြီး နောက် သုံးရက်အတွင်း တစ်ပေခန့်ကျဆင်းနိုင်သော်လည်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အထက်ပိုင်းတွင် ကလေးဝမြို ့နှင့် မုံရွာမြို့များသည် ချင်းတွင်း မြစ်ရေကြောင့် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေရာမှ နောက် ၁ ရက် ၊ ၂ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်သည်။

ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့တို့တွင် ဧရာဝတီ မြစ်ရေသည် စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ကျော်လွန်နေရာမှ နောက် ၂ ရက် ၃ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်သည်။

ဘားအံမြို့သည် သံလွင်မြစ်ရေကြောင့် စိုးရိမ် ရေမှတ်အထက်သို့ကျော်လွန်နေရာမှ နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ပြန်လည် ကျဆင်းနိုင်သည်။

ချောက်မြို့သည် ဧရာဝတီမြစ်ရေကြောင့် စိုးရိမ် ရေမှတ်အထက် ရောက်ရှိနေရာမှ နာရီ အနည်းငယ်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ကျဆင်းသွားမည်ဟု ယနေ့နေ့လည်ပိုင်း တိုင်းတာချက်များအရ သိရသည်။ (Xinhua)