Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၆၉ ဦးထိ တိုးလာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ရေကြီးရေလျှံမှု မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် သဘာဝဘေး အန္တရာယ်ကျရောက်ကာ ရေကြီး ရေလျှံမှုဖြစ်ပြီး သေဆုံးသူ ၆၉ ဦးထိ တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ယနေ့ တရားဝင် ထုတ်ပြန်ထားသည်။

ဇွန်၊ ဇူလိုင်လနှင့် သြဂုတ်လ အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု ၄၅,၅၀၂ စုမှ လူဦးရေ ၂၅၉,၇၉၉ ဦး ရေဘေးသင့်နေပြီး ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၄၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇ ဦး၊ ကချင် ပြည်နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ်တွင် ၅ ဦး၊ မန္တလေးတိုင်းတွင် ၈ ဦးနှင့် ဧရာဝတီ တိုင်းတွင် တစ်ဦး စုစုပေါင်း သေဆုံးသူ ၆၉ ဦးရှိနေပြီဖြစ်သည်။

အဆိုပါ ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဆန် ရိက္ခာ ကျပ် ၃၉,၈၇၈,၅၅၀၊ အရေးပေါ် အစားအစာအတွပ် ကျပ်သိန်း ၁၅,၅၇၃,၃၂၀ ၊ အိမ်ဆောက်ပစ္စည်း အတွက် ကျပ် သိန်း ၄၄,၉၀၀,၀၀၀၊ ကယ်ဆယ်ရေး ပစ္စည်းအတွက် ကျပ် သိန်း ၉၆,၈၃၇,၁၂၆ နှင့် သေဆုံးမှု ထောက်ပံ့ကြေး ကျပ် ၁,၈၀၀,၀၀၀ စုစုပေါင်း ရေဘေးအတွက် ကျပ် သိန်းပေါင်း ၁၉၈,၉၈၈,၉၉၆ ပေးပို့ ထောက်ပံ့ ထားကြောင်း ထုတ်ပြန်သည်။

လက်ရှိ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူများ တိုးလာပြီး အကူအညီ လိုအပ်နေမှုများလည်း ရှိနေကြောင်း ရေဘေးသင့် ပြည်သူများကို ကူညီပေးနေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ သိရသည်။မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ် များကြောင့် လမ်း၊ တံတား၊ မွေးမြူရေးခြံ၊ ပုဇွန်နှင့် ငါးကန်များနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု သည် ခန့်မှန်းခြေကျပ် သန်းပေါင်း ၉,၈၅၅ သန်းခန့် ဆုံးရှုံး ပျက်စီးနေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီး ရေလျှံမှုကြောင့် လယ် ဧက ၈၅၀,၆၀၀ ကျော်ထိ ရေကြီး နစ်မြုပ်နေပြီး ရေနစ်မြုပ် ဧက ရှစ်သိန်းကျော်တွင် ပျက်စီးဧက ၄၄၀,၀၀၀ ကျော်၊ ရေပြန်ပေါ် ဧက ၁၅၀,၀၀၀ ကျော်နှင့် ထိခိုက် ဧက ၁၅၀,၀၀၀ ကျော် ရှိနေ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သြဂုတ် ၂ က ထုတ်ပြန်ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117