Environment, Disasters & Accidents
မြို့နယ် ၃၃မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ဆက်လက်ရှင်းလင်းမည်
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများ ရှင်းလင်းပြီးပါက ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ၃၃မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက် တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်တို့၌် စွန့်ပစ်ထားသော နောက်ဖေးလမ်းကြားများရှိ အမှိုက်များကို ရှေ့ပြေးစီမံချက်ဖြင့် ရှင်းလင်းလျက်ရှိကာ ယနေ့ထိ ပုဇွန်တောင်၊ လမ်းမတော်နှင့် လသာမြို့နယ်တို့၌ ရှင်းလင်း ပြီးစီးပြီဖြစ်၍ ပန်းဘဲတန်းနှင့် ကျောက်တံ တား မြို့နယ် တို့အတွင်း ဆက်လက်ရှင်းလင်းနေသည်။
အမှိုက်ရှင်းလင်းမှုပြီးစီးသွားပြီဖြစ်သော မြို့နယ်များ၌ နောက်ဖေးလမ်းကြားများ တွင် အမှိုက်များ ပြန်လည်စွန့်ပစ်မှု ရှိ၊ မရှိနှင့် ဖျက်သိမ်းရန်ညွှန်ကြားထားသည့် အဖီများ ဖျက်သိမ်းခြင်း ရှိ၊ မရှိ တို့ကို စက်တင်ဘာ ၂၇ ရက်တွင် နောက်ဖေးလမ်းကြား အမှိုက်များရှင်းလင်းသိမ်းဆည်းရေးလုပ်ငန်း ကော်မတီက ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။(Xinhua)