Connect with us

Environment, Disasters & Accidents

သဘာဝဘေး အဆိုးဆုံး ထိခိုက်ခံစားရနိုင်သည့် အာရှ – ပစိဖိတ်တွင်း ဒေသများတွင် မြန်မာနိုင်ငံ သည် ထိပ်ဆုံးမှ ပါဝင်နေ

မြန်မာနိုင်ငံငလျင်ကော်မတီ ၏ သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံငလျင်ကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

သဘာဝဘေး အဆိုးဆုံး ထိခိုက်ခံစားရနိုင်သည့် ဒေသများထဲတွင် အာရှ – ပစိဖိတ် ဒေသသည် ထိပ်ဆုံးက ပါဝင်ပါကြောင်း၊ အာရှ – ပစိဖိတ်တွင် မြန်မာနိုင်ငံ သည် ထိပ်ဆုံးမှ ပါဝင်နေသည်ကို ပညာရှင်များက သတိပေးထားပါကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းစဉ်များကို အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ထိုသဘာဝဘေးအန္တရာယ်တွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ ရာသီဥတုမမှန်ခြင်းများအား သတိထားသင့်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ပြတ်ရွေ့ဖြစ်သည့်အတွက် ငလျင်လှုပ်ခတ်ခဲ့သော် ငလျင်ဒဏ်အား ပို၍ ခံစားရမည့်အပြင် ပို၍ထိခိုက်ပျက်စီးမှုများဖြစ်နိုင်ကြောင်း ၊ စစ်ကိုင်းပြတ်ရွေ့ တလျှောက်ရှိမြို့ကြီးများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းစေမည့် အစီအမံများ ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သတင်းထုတ်ပြန်သည်။
စစ်ကိုင်းပြတ်ရွေ့တလျှောက်ရှိမြို့ကြီးများဖြစ်သော မြစ်ကြီးများ၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးတို့တွင် အင်အားပြင်းထန်သောငလျင်များ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကျရောက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့သည်လည်း စစ်ကိုင်းပြတ်ရွေ့၏ ၃၅ ကီလိုမီတာ အကွာတွင် ရှိသည့်အတွက် စစ်ကိုင်းပြတ်ရွေ့တွင် ငလျင်လှုပ်ခဲ့ပါက အလားတူ ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၂၁ ရက်အထိ စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅၄၃၉.၂၂၀ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ချောက်ငလျင်သည် မြေအောက်အနက် (၈၄.၁) ကီလိုမီတာရှိ ထိုးစိုက်ဇုံ တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.