Connect with us

Environment, Disasters & Accidents

အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂နှစ်ခွဲကာလအတွင်း ၃၆၅ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ကားတစ်စီး တိမ်းမှောက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂နှစ်ခွဲကာလအတွင်း လူ ၃၆၅ဦး သေဆုံးပြီး ၂၄၇၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုပေါင်း ၃၁၉ မှုရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၈၈ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၇၉ဦးရှိသည်။၂၀၁၅ ခုနှစ် တစ်နှစ်တာကာလအတွင်း အမြန်လမ်းမကြီးပေါ်တွင် ယာဉ် မတော်တဆမှုပေါင်း ၄၅၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂၄ ဦးရှိခဲ့ကာ ဒဏ်ရာရသူ ၁၀၃၃ ဦးရှိခဲ့သည်။၂၀၁၄ ခုနှစ် တစ်နှစ်တာကာလအတွင်း အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၄၁၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅၇ ဦးရှိခဲ့ကာ ဒဏ်ရာရသူ ၇၆၆ ဦး ရှိခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117