Connect with us

Environment, Disasters & Accidents

ရထား နှင့် မော်တော်ယာဉ် တိုက်မိမှုကြောင့် လူသေဆုံးမှုရှိ

တောင်ငူမြို့နယ် ကျေးတောဘူတာနှင့် တောင်ငူဘူတာကြား ရထား နှင့် မော်တော်ယာဉ် တိုက်မိမှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar )

ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နယ် ကျေးတောဘူတာနှင့် တောင်ငူဘူတာကြားတွင် မေ ၄ ရက်တွင် မော်တော်ယာဉ် တစ်စီးသည် တရားမဝင် သံလမ်းကူး အား ဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်ရထားက ဝင်ရောက် တိုက်မိခဲ့မှုကြောင့် ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကျေးတောဘူတာနှင့် တောင်ငူဘူတာကြား မိုင်တိုင်(၁၆၁/၅-၆)ကြား၌ ပျဉ်းကတိုး ကြမ်းပြားများ တင်ဆောင်လာသော Aeras Nissan အမျိုးအစားယာဉ်သည် တရားမဝင် သံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ် ရထား နှင့် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်မိမှုကြောင့် ယာဉ်မောင်း အပါအဝင် ၂ ဦးမှာ ဖူးရောင် ပေါက်ပြဲ ၊ သွေးထွက် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိ၍ တောင်ငူမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဆေးရုံ၌ ယာဉ်မောင်း ဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား တောင်ငူမြို့မရဲစခန်းက မီးရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိသည့် ပျဉ်းကတိုးကြမ်းပြားများအား သစ်တော ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)