Connect with us

Environment, Disasters & Accidents

ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ နီးပါး ပျက်စီး ဆုံးရှုံး

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်အားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မေ ၄ရက်နှင့် ၅ရက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မေလ ၅ ရက် ညနေ ၃နာရီမှ ၄နာရီကျော်အထိ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာပါ ၃ ရွာ၌ သွပ်မိုး/ထရံကာ/ဝါးခင်း နေအိမ် ၁၂ လုံး ပြိုကျခဲ့ကြောင်းနှင့် လူနေအိမ် ၁၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်

အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် ဇလွန်မြို့နယ် အုန်းနှဲချောင်း ကျေးရွာပါ ၄ ရွာ၌ နေအိမ် ၃ လုံး ပြိုကျပြီး နေအိမ် ၁ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် မေလ ၄ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ပင်ကောက်မြို့နယ် သခွပ်ပင်ကျေးရွာ၌ နေအိမ် ၅ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း၊ နတ်တလင်းမြို့နယ် ကျောက်ခွက်ကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၁၀ ခု၌ နေအိမ် ၁၀ လုံး ပြိုကျပြီး နေအိမ် ၁၇၅ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)