Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ် ၃၈၉၂.၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ် ၃၈၉၂.၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၃ ရက်နေ့ ၁၂း၃ဝ နာရီ တွင် အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် မောင်တော-ဘူးသီးတောင်သွားကားလမ်း၊ (၃)မိုင်လမ်းဆုံအနီးတွင် သုံးဘီးဆိုင်ကယ် ၁ စီးတိမ်းမှောက် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ သုံးဘီး ဆိုင်ကယ်အောက်ရှိ မြေကြီးပေါ်မှ ကြွတ်ကြွတ်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄,၆၁ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၉၂.၂ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်ဖြူနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)