Environment, Disasters & Accidents
ရန်ကုန်မြို့တော်၌ လေထုအခြေအနေ ကောင်းမွန်လျက်ရှိဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တော်၏ လက်ရှိ ရန်ကုန်မြို့၏လေထုအခြေအနေသည် ဆိုးရွားမှုမရှိသေး
ဘဲ ကောင်းမွန်နေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ နေရာ ၆၇ နေရာ၌ လေထုတိုင်းတာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် လေထုအခြေအနေကောင်းမွန်သေးကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း၌ ဒုတိယအကြိမ်မြောက် လေထုတိုင်းတာခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလအထိ ပထမအကြိမ်တိုင်းတာခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ
စတင်၍ ဒုတိယအကြိမ် ထပ်မံတိုင်းတာခဲ့ရာ လက်ရှိတွင် ခုနစ် နေရာကျန်နေသေးပြီး ဆက်လက်တိုင်းတာလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လေထုအရည်အသွေးတိုင်းတာခြင်းသည် မျက်စိဖြင့် မမြင်နိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များကိုတိုင်းတာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ လေထုညစ်ညမ်းမှုအခြေအနေ ရှိ၊ မရှိကိုတိုင်းတာရာတွင် တစ်ကြိမ်တည်းတိုင်းတာရုံဖြင့် မလုံလောက်သည့်အတွက် အကြိမ်ကြိမ်တိုင်းတာရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)