Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့သည် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေကြောင်း မိုးဇလထုတ်ပြန်

မြစ်ရေခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့သည် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေသည့်အတွက် ထိုမြစ်ကြောင်းများ တလျှောက်တွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင် ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက်ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့နှင့် ဟင်္သာတမြို့တို့တွင် ပေဝက်ခန့်စီ၊ ညောင်ဦးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်ခန့်စီ၊ နောက် (၃)ရက်အတွင်း ဟင်္သာတ မြို့တွင် (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်း၊

ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် (၂)ပေ ခွဲခန့်၊ ကနီမြို့တွင်(၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း ဖောင်းပြင်မြို့နှင့် နောက် (၃)ရက်အတွင်း ကနီမြို့တို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ပြန်လည် ကျဆင်းနိုင်ကြောင်း၊

ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့ တွင် (၆)ပေခွဲခန့်၊ ကလေးဝမြို့တွင် (၅)ပေခန့်နှင့် မင်းကင်းမြို့တွင် (၅)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီး သီးအထက်သို့ ကျော်လွန်နေပြီး နောက် (၃)ရက်အတွင်း မော်လိုက်မြို့နှင့် ကလေးဝမြို့တို့တွင် (၄)ပေခန့်စီ၊ မင်းကင်း မြို့တွင် (၃)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း မုံရွာမြို့တွင် ပေဝက်ခန့် ကျဆင်းနိုင် ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ပေဝက် ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေပြီး နောက် (၃)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင် ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.