Connect with us

Environment, Disasters & Accidents

တွံတေးတူးမြောင်းဘေး ရေထိန်းနံရံပြိုကျမှုဖြစ်ပွား

မြေထိန်းနံရံပြိုကျမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက် တွံတေးတူးမြောင်းပိုင် နယ်နိမိတ်အတွင်းရှိ ရေထိန်းနံရံသည် ဇူလိုင် ၁၄ ရက်နေ့ မနက် ၃နာရီအချိန်ခန့်က စတင်ပြီး ရေထိန်းနံရံ၏ အတွင်းဘက် ရှိ မြေသားများသည် ကူးတို့ဆိပ်ကမ်း ကွန်ကရစ်လှေခါးနှင့် ရေထိန်း နံရံ၏အောက်ခြေ အလျားပေ(၁ဝဝ)နီးပါးကျော်ခန့် ပြိုကျ ပျက်စီး မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းကမ်းပြိုကျမှုများကြောင့် ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ပြီး တားမြစ် နယ်မြေအဖြစ်သတ်မှတ်ကာ သတိပေးဆိုင်းဘုတ်စိုက်ထူထားပြီး အနီး အနားရှိ ဒေသခံပြည်သူများနှင့် ကျူးကျော်သူများ အား ရွှွေ့ပြောင်းနေထိုင်ကြရန် အသိပေးပြောကြားထားကြောင်း ၊အဆိုပါ ဆာပါချောင်ကျောင်းစုရပ်ကွက်အတွင်း တွံတေးတူးမြောင်းဘေး ရှိ ရေထိန်းနံရံကို ၂ဝ၁၄ ခုနှစ်မှ စတင် ဆောက်လုပ်ခဲ့ကာ ၂ဝ၁၅ ခုနှစ် အတွင်း ပြီးစီးခဲ့ပြီး ရေထိန်းနံရံမှာ ကျောက်စီရေထိန်းနံရံဖြစ်ပြီး အလျားပေ (၇ဝဝ) ကျော်နှင့် အမြင့် (၁၂)ပေခန့်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.