Connect with us

Environment, Disasters & Accidents

လယ်သမားများ အတွက် အလျင်အမြန် ထောက်ပံ့မှု မရှိပါက စားနပ်ရိက္ခာ လိုအပ်ချက် ဖြစ်နိုင်

တောင်သူများ စပါး စိုက်နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ပြင်းထန်သော မုန်တိုင်း၊ ရေကြီးမှု နှင့် မြေပြိုကျမှုတွေ တစ်နိုင်ငံလုံးနီးပါး ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်၏ စိုက်ပျိုး ရေးကိုအဓိက ထိခိုက်သွားခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမားများအား ထောက်ပံ့ ကူညီမှုများ အလျင်အမြန် မပေးနိုင်ပါက စားနပ်ရိက္ခာရရှိမှု အခက်အခဲ များစွာ ဖြစ်သွားနိုင်သည်ဟု စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း (FAO) က ကြာသပတေးနေ့က သတိပေးထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဟူဂျာရစ် ကနေ့စဉ် သတင်းစာ ရှင်းပွဲတွင် ပြောသည်။

“အခုချိန်မှာ ရေတွေလဲ ကျသွားပြီ၊ ကျေးလက်ဒေသနေ ပြည်သူတွေ သူတို့ခြေထောက်ပေါ် ပြန်လည်ရပ်တည် နိုင်ဖို့ လိုအပ်တဲ့ အကူအညီတွေ အမြန်ပေးနိုင်ရန် လိုအပ်ကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်းက အလေးအနက်ထား ပြောကြားထားပါတယ်” ဟု စတီဖန်က ပြောသည်။

မြန်မာနိုင်ငံတွင် ဇွန်လအတွင်း ရေလွှမ်းမှုဒဏ် ခံခဲ့ရပြီး စက်တင်ဘာလ ၃ ရက်နေ့အထိ လူပေါင်း ၁၂၂ ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၂၅,၄၄၈ မှ လူဦးရေပေါင်း ၁,၆၂၃,၁၄၃ ဦးရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဋ္ဌာန စာရင်းအရ သိရပါသည်။

စိုက်လယ်ဧက ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဋ္ဌာန စာရင်းအရ စက်တင်ဘာလ ၃ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရေမြုပ်ခဲ့သော လယ်ဧကပေါင်း ၁,၄၅၆,၆၁၃ ဧက ရှိခဲ့ပြီး ပျက်စီးသွားသော လယ်ဧကပေါင်း ၈၄၂,၆၁၀ ဧက ရှိခဲ့သည်။

ပြည်တွင်းဆန် ဖူလုံမှု ရှိစေရေးနှင့် ဆန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်သည် ရေလွှမ်းမိုးမှု ရင်ဆိုင်ခဲ့ရသောကြောင့် ပြည်တွင်း ဖူလုံမှုအတွက် စက်တင်ဘာလ ၁၅ ရက် အထိ ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ပါသည်။ (Xinhua)