Connect with us

Environment, Disasters & Accidents

ခန္တီးမြို့တွင် မိုးအဆက်မပြတ် ထပ်ရွာပါက တစ်မြို့လုံးနီးပါး ရေကြီးနိုင်ဟုဆို

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့အား ဂြိုလ်ထုမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-google map)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်အတွင်း မြို့၏ သုံးပုံနှစ်ပုံခန့် ရေနစ်မြုပ်နေပြီး ထပ်မံ ရွာသွန်းလျှင် တစ်မြို့လုံးနီးပါး ရေကြီးလာနိုင်ကြောင်း ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိ ရှိရသည်။

လက်ရှိတွင် ခန္တီးမြို့ မြသိန်းတန်ဘုရား၊ ဆေးရုံကုန်းနှင့် ခမရ ၅၂ တို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်ထားရကြောင်း၊ လက်ရှိရက်ပိုင်းအတွင်း ခန္တီးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ရှိနေပြီး လာမည့် ရက်များအတွင်း ဆက်တိုက် ရွာသွန်းသွားပါက တစ်မြို့လုံးနီးပါး ရေကြီးနိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယနေ့ မြန်မာ စံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာ ချက်များအရ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် ခြောက်ပေခန့်၊ ဟုမ္မလင်း မြို့တွင် လေးပေခန့်၊ ဖောင်းပြင် မြို့တွင် တစ်ပေခန့်နှင့် မော်လိုက် မြို့တွင် နှစ်ပေခွဲခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အား ကျော်လွန် နေသည့် အတွက် မြေနိမ့်ပိုင်း နေထိုင်သူများ ရှောင်ရှားကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ရီရီငြိမ်းက ဆင်ဟွာကို ယနေ့ ပြောကြား သည်။

ခန္တီးမြို့နှင့် ချင်းတွင်းမြစ် တစ်ဖက်ကမ်း ကင်းတော်ကျေးရွာတွင်လည်း ရွာလုံးကျွတ်နီးပါး ရေကြီးရေလျှံမှု ခံစားနေရပြီး မြို့မဈေး အပါအဝင် အောင်သာရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် ရေဝင်ရောက်ကာ ပေါမိုင်းရပ်ကွက်တွင် နေအိမ်အောက်ထပ်များ ရေမြုပ်နေသည်။

ချင်းတွင်းမြစ်ရေသည် စက်တင်ဘာလ ၃ ရက်မှ စတင်၍ နောက်တစ်ကြိမ် ထပ်မံ မြင့်တက် လာခဲ့သဖြင့် ၎င်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့များ၏ စိုးရိမ် ရေမှတ်သို့ ကျော်လွန် ရာက်ရှိ နေသည့်အတွက် စက်တင်ဘာ ၅ ရက်မှ စတင်၍ သုံးရက်ကြာအောင် ရေယာဉ် ပြေးဆွဲခြင်းများ ယာယီရပ်နား ထားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (ရစက) ရုံး မှ ယနေ့ သတင်း ထုတ်ပြန်သည်။

ချင်းတွင်း မြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လကုန် နှင့် သြဂုတ် လဆန်းပိုင်း က တစ်ကြိမ်မြင့်တက် လာပြီးနောက် ယခုထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)