Environment, Disasters & Accidents
လေဖိအားနည်း ရပ်ဝန်း ဆက်လက် တည်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ အီကွေတာ အနီး အိန္ဒိယ သမုဒ္ဒရာနှင့် ယင်းနှင့် ဆက်စပ်လျှက် ရှိသော ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။
ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် တို့တွင် အများအားဖြင့် သာယာနေကြောင်း သိရသည်။
ရန်ကုန်မှ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် ပင်လယ်ပြင် ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက် (၂၄) နာရီ အတွင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ရေပြင်လေသည် အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၁၀- ၁၅)မိုင်၊ ရံဖန်ရံခါ မိုင်(၃၀) မှ (၃၅) မိုင် တိုက်ခိုက်နိုင်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ (Xinhua)