Connect with us

Environment, Disasters & Accidents

ပလပ်စတစ် စက်ရုံ မီးလောင်ကျွမ်းမှုငြိမ်း၊ မီးကြွင်း မီးကျန် ဆက်လက် ငြိမ်းသတ်လျက်ရှိ

ဘုရင်နောင် ရိုးကြီးချောင်းနား ပလပ်စတစ်စက်ရုံ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ မှ ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဘုရင်နောင် ရိုးကြီးချောင်းနား ပလပ်စတစ်စက်ရုံ မီးလောင်မှု သည် ညနေ (၄)နာရီ (၅၇)မိနစ်အချိန်တွင် မီးငြိမ်းပြီဖြစ်ကြောင်း ၊ မီးကြွင်း မီးကျန်များအား ဆက်လက် ငြိမ်းသတ်လျှက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာကို ပြောသည်။

မီးလောင်ကျွမ်းမှုသည် Level 3 အဆင့် ရှိခဲ့ပြီး ၊ မီးလောင်ပြင်သို့ ရောက်ရှိနေသော ကားတွင် တပ်ဆင်ထားသော ကင်မရာမှ တဆင့် C 3 မှ တိုက်ရိုက် ကွပ်ကဲ ငြိမ်းသတ်နေပုံ အား Myanmar Fire Service Department တွင် တိုက်ရိုက် တင်ခဲ့သည်။

ဘုရင်နောင် ရိုးကြီးချောင်းနား ပလပ်စတစ်စက်ရုံ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ မှ ငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-Myanmar Fire Services Department)

မည်သည့် အကြောင်းကြောင့် စတင် လောင်ကြွမ်းရသည်ကို မသိရှိရသေးကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.