Connect with us

Environment, Disasters & Accidents

သုဝဏ္ဏရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့တွင် ဗုံးလန့်မှုဖြစ်ပွား

ဆေးတက္ကသိုလ် အုတ်တံတိုင်းရှေ့ ရေမြောင်းဘေးတွင် ဗုံးဟု ယူဆရသော မင်္သကာဖွယ် ပစ္စည်းအား စစ်ဆေးစဉ် (ဓာတ်ပုံ-yangon Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (င/က) ရပ်ကွက်၊ သံသုမာလမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အုတ်တံတိုင်းရှေ့ ရေမြောင်းဘေးတွင် ဗုံးဟု ယူဆရသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထည့်ကာ ပစ်ထားခြင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီက တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်း မသင်္ကာဖွယ်ရာ အထုပ်ကို စစ်ဆေးခဲ့ရာ 3Kg ရှိ ဂက်စ်အိုးအထွက် ကြေးခေါင်းထိပ်နှင့် ဖုန်းအမှတ် ၀၉၇၇၉၈၂၄၉၁၂ တယ်လီနော ဆင်းကတ်ပါ Nokia အမျိုးအစား လက်ကိုင်ဖုန်းထိပ်တွင် အရှည် ၄ လက်မခန့်ရှိ အစိမ်းနှင့် အနီရောင် ဝါယာကြိုး ၂ ချောင်းတို့အား ဆက်သွယ်ထားရှိကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ ပစ္စည်းများကို မီးသတ် တပ်ဖွဲ့ဝင်များမှ ဖယ်ရှား ရှင်းလင်းပြီးနောက် အဆိုပါ ဂက်စ်အိုးနှင့် Nokia လက်ကိုင်ဖုန်း တို့ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ဂက်စ်အိုးမှာ ပေါက်ကွဲမှု ရှိနိုင် မရှိနိုင် သိရှိနိုင်ရန် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ ဗိုလ်မှူးချမ်းငြိမ်းနှင့် အဖွဲ့က စစ်ဆေးခဲ့ရာ ဂက်စ်အိုးနှင့် တွဲလျက်ရှိသည့် တယ်လီဖုန်းအား ဖုန်းခေါ်ဆိုလိုက်မည် ဆိုပါက ဆက်သွယ်ထားသော ဝိုင်ယာကြိုး နှစ်စမှ ပွင့်သော မီးစသည် ဂက်စ်ကိုသာ လောင်ကျွမ်း စေနိုင်ပြီး ပေါက်ကွဲမှု မရှိနိုင်ကြောင်း၊ ပေါက်ကွဲမှု ဖြစ်စေနိုင်သည့် ဒီတိုနေတာ ယမ်းလည်း ပါဝင်ခြင်း မရှိ၍ ပေါက်ကွဲမှု မဖြစ်နိုင်ကြောင်းနှင့် ဝိုင်ယာကြိုးနှင့် ဖုန်းချိတ် ဆက်ထားသည့် ဗုံးအတုသာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.