Environment, Disasters & Accidents
သီပေါ၊ပေါက်နှင့် ကြို့ပင်ကောက်မြို့တို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် သီပေါမြို့၊ မကွေးတိုင်းဒေသကြီး ပေါက် မြို့၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ် သီပေါမြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်းဖြစ်သည့် ၂.၇ဒီဂရီစင်တီဂရိတ်မှ ၁.၄ ဒီဂရီ စင်တီဂရိတ်သို့စံချိန်သစ်တင်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ပေါက် မြို့ တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်းဖြစ်သည့် ၈.၀ ဒီဂရီစင်တီဂရိတ်မှ ၇.၈ဒီဂရီ စင်တီဂရိတ်သို့စံချိန်သစ်တင်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ တွင် အနိမ့်ဆုံးအပူချိန်စံချိန်ဟောင်းဖြစ်သည့် ၉.၀ ဒီဂရီစင်တီဂရိတ်မှ ၈.၂ ဒီဂရီ စင်တီဂရိတ်သို့စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)