Connect with us

Environment, Disasters & Accidents

ပေါင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၉ ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ၁ရး၃၀ နာရီ အချိန် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်(၁၇၁/၃)၌ အောင်သီဟဖြိုး(၃၀)နှစ်မောင်းနှင်သော 1E/xxxx CHANGHE ဘုရားဖူး ယာဉ်သည် ဝဲဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အောင်သီဟဖြိုးပါ ၁၉ ဦး(ကျား ၁၅၊ မ ၄) တို့တွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိကာ ပေါင်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး ၂၀း၁၅နာရီ အချိန်တွင် အောင်သီဟဖြိုး အားပေါင်မြို့မရဲစခန်းယာဉ်(ပ)၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.