Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသော မြစ်ချောင်းများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိ

ကမ်းပြိုကာကွယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသော မြစ်ချောင်းများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် (၇၃၈ဝ.၇)သန်းဖြင့် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်၊ မူးမြစ၊် မြစ်သာမြစ်နှင့် ၎င်းမြစ်များအတွင်းသို့ စီးဝင်လျက်ရှိသော ချောင်းများ ဖြတ်သန်းစီးဆင်းလျက်ရှိသော ဒေသများတွင် နှစ်စဉ်မိုးရာသီ မြစ်ရေကြီးမြင့်ချိန်များတွင် မြစ်ကမ်းပါးပြိုကျမှုများဖြစ်လေ့ရှိရာ လူနေအိမ်များ၊ ဘုရား ကျောင်းကန်များနှင့်စေတီပုထိုးများ၊ စိုက်ပျိုးမြေပြိုကျမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို နှစ်စဉ် ပွင့်လင်းရာသီများတွင် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ကမ်းပါးပြိုကာကွယ် ရေးလုပ်ငန်းများအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေးခရိုင်အတွင်းရှိ ကလေးမြို့နှင့်ကလေးဝ မြို့နယ် အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၃)ခုအား ငွေကျပ် (၈၂၂.ဝ)သန်းဖြင့် လည်းကောင်း၊ ကသာခရိုင်အတွင်းရှိ ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသိုမြို့နယ်များတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၃)ခုကို ငွေကျပ်(၆၂၃)သန်းဖြင့် လည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ ခန္တီးမြို့နှင့်ဟုမ္မလင်းမြို့နယ်များတွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း(၆)ခုကို ငွေကျပ်(၇၃၈.၅)သန်းဖြင့် လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊မြင်းမူ၊ မြောင်မြို့နယ်များတွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း (၆)ခုကို ငွေကျပ် (၁ဝ၃၁)သန်းဖြင့်လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိ မော်လိုက်နှင့် ဖောင်းပြင်မြို့နယ် များတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၇)ခုကို ငွေကျပ်(၂၂၃၇)သန်းဖြင့်လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၁)ခုကို ငွေကျပ် (၇ဝ)သန်းဖြင့် လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကနီ၊ ဆားလင်းကြီးမြို့နယ်များတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၇)ခုကို ငွေကျပ်သန်း (၁၃၅၅.၄)ဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်မြို့နယ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၃)ခုကို ငွေကျပ်(၄၇ဝ) သန်းဖြင့်လည်းကောင်း၊ တင်ဒါ ပိုလျှံငွေကျပ် (၃၃.၈)သန်းဖြင့် ကနီမြို့နယ် အတွင်းရှိ ဈေးချောင်း မြေထိန်းနံရံ တည်ဆောက်ခြင်းနှင့် ငဖြက် ကျေးရွာချောင်းရေလမ်းကြောင်း တူးဖော်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.