Connect with us

Environment, Disasters & Accidents

သံလွင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် မြိုင်ကလေး ကျေးရွာကြားရှိ ကားလမ်း ရေကျော်မှု ဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့နှင့် မြိုင်ကလေး ကျေးရွာတွင် ရေကျော်မှု ဖြစ်ပွားစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် မြိုင်ကလေး ကျေးရွာကြားရှိ ကားလမ်း ရေကျော်မှု ဖြစ်ပေါ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ ကားလမ်းရေကျော်မှု ဖြစ်ပေါ်နေသည့်အတွက် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ် အစိုးရ တာဝန်ရှိသူများနှင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက မြိုင်ကလေး ကျေးရွာထိပ်မှ ဘားအံမြို့သို့ ခရီးသွား ပြည်သူများနှင့် မော်တော်ဆိုင်ကယ်များအား ခြောက်ဘီး ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.