Environment, Disasters & Accidents
မြင်းခြံမြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ ပုံ ၂ ပုံတွင် သစ်ပင်လဲပြိုကျမှုဖြစ်ပွား

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မေ ၂ ရက်နေ့ညပိုင်းတွင် မိုးရွာသွန်းခြင်း၊ လေးပြင်းတိုက်ခြင်း ဖြစ်ပေါ်ခဲ့သောကြောင့် မြို့ပေါ်ရပ်ကွက်ပေါင်း ၂၀ ရှိသည့် အနက် ၃ ပုံ ၂ ပုံတွင် သစ်ပင်လဲပြိုကျမှုများဖြစ်ပွားခဲ့ ကြောင်း နှင့် ရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း မြင်းခြံမြို့ မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ဆင်ဟွာသို့ယနေ့ မေ ၃ ရက်တွင်ပြောသည်။ဦးအောင်ကိုသန့်က “မနေ့ က ည၈ နာရီ လောက်မှ လေပြင်းစတိုက်တာ။ လေရော၊မိုးရော အရမ်း ပြင်းထန်တော့ ကျွန်တော်တို့ ရှာဖွေ ကယ်ဆယ်၊ ရှင်းလင်းရေးတွေ အခုဆက်လက်ပြီး ဆောင်ရွက်နေတယ်။ အဓိကက သစ်ပင်တွေ လဲတာပေါ့။ ကားဂိုထောင်တွေ ပေါ်ကို သစ်ပင်တွေပြိုကျတယ်။ကားတွေပေါ်လည်း ပြိုကျတာတွေရှိတယ်။ ဆက်ပြီးရှာဖွေကယ်ဆယ်ရေးတွေဆောင်ရွက်နေတယ်။ ပျက်စီးမှုတွေရှိတယ်။ စားရင်းအတိအကျတော့ မကောက်ရသေးဘူး။ လူထိခိုက်ဒဏ်ရာရမှုတွေတော့မရှိပါဘူး။’’ ဟု ပြောသည်။

မြင်းခြံမြို့၌ လေပြင်းတိုက်ခိုက်ပြီးနောက် သစ်ပင်များလဲပြိုကျနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
မြင်းခြံမြို့နယ် မီးသတ်တပ်ဖွဲ့ မှ သန္ဓေတပ်ဖွဲ့ဝင်၃၅ ဦး၊ အရံတပ်ဖွဲ့ဝင် ၃၀ဦး လိုက်လံရှင်းလင်းမှုများဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။

မြင်းခြံမြို့၌ လေပြင်းတိုက်ခိုက်ပြီးနောက် သစ်ပင်များလဲပြိုကျနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မြင်းခြံမြို့၌ လေပြင်းတိုက်ခိုက်ပြီးနောက် သစ်ပင်များလဲပြိုကျနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မြင်းခြံမြို့၌ လေပြင်းတိုက်ခိုက်ပြီးနောက် သစ်ပင်များလဲပြိုကျနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားနေစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
“အခုတော့ ၅၀ ရာခိုင်နှုန်းလောက် ရှင်းလင်းပြီးပါပြီ။ ဒီနေ့အပြီးရှင်းလင်းနိုင်အောင်ဆောင်ရွက်နေပါတယ်။ဒီနေ့ မပြီးရင်နောက်နေ့ဆက်ပြီးရှင်းလင်းရေးတွေဆောင်ရွက်သွားမှာပါ’’ ဟု ၎င်းကဆက်ပြောသည်။ (Xinhua)