Environment, Disasters & Accidents
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့တွင် ပေ ၃၀၀ကျော်အနက်ရှိ ချောက်အတွင်းသို့ ဘုရားဖူးယာဉ် ထိုးကျပြီး လူ၇ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့တွင် ပေ ၃၀၀ကျော်အနက်ရှိသော ချောက်အတွင်းသို့ဘုရားဖူးယာဉ် ထိုးကျပြီး လူ၇ဦးသေဆုံး၊ ၁၉ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။အဆိုပါ ယာဉ်တိမ်းမှောက်ထိုးကျမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၂၈ဦး အနက် အမျိုးသမီး ၃ဦးသည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးကာ အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၃ဦးက ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင်လည်း ၇ ဦးသည် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရကြောင်း ၎င်းကဆိုသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အောင်ပန်း – ဟံမြင့်မိုရ်ကားလမ်းတွင်အောက်တိုဘာလ ၂၈ရက်၊ နေ့လည် ၁၁နာရီကျော်က ပေ၃၀၀ကျော်ရှိ ချောက်အတွင်း ဘုရားဖူးကားတစ်စီး ထိုးကျမှုဖြစ်ပွါးခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့များ ချောက်အတွင်း ဆင်းပြီး ကယ်ဆယ်ရေး ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ (Xinhua)