Environment, Disasters & Accidents
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၌ ငဝန်မြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ် တစ်လုံး ဖျက်သိမ်းကာ ရွှေ့ပြောင်းရေးလုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်သံအုပ်စု၊ ကညင်ရိုးကျေးရွာ၌ ဇူလိုင် ၄ ရက်တွင် ငဝန်မြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ် တစ်လုံးအား အင်္ဂပူမြို့နယ်မီးသတ်စခန်းမှ မြစ်ကမ်းအနီးရှိ နေအိမ်တစ်လုံးအား ကူညီဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၅ ရက်တွင်ပြောသည်။ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား ၆၀ ပေ၊ အနံ ၂၄ ပေခန့် ပြိုကျပြီး ဆက်လက်ပြိုကျနိုင်ကြောင်း သတင်းရရှိသဖြင့် ယခုကဲ့သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးမှုများဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးမှုများဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးမှုများဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ မြို့နယ်အလိုက် ခရိုင်အလိုက်မှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ရှိတယ်။ မြစ်ကမ်းပါးထပ်မံပြိုကျနိုင်တဲ့ အခြေအနေ ရှိတယ်ဆိုရင် ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့ အသင့်ရှိနေမှာပါ။ ဖြစ်ပွားနိုင်ခြေရှိရင် ကျွန်တော်တို့ အနေနဲ့ Duty ချပြီး ဆောင်ရွက်ပါတယ်။ ကင်းသဘောမျိုး ထားပြီးဆောင်ရွက်ပါတယ်။ ရေတိုက်စားနိုင်၊ မြစ်ကမ်းအနီး အိမ်တွေပါနိုင်မပါနိုင်၊ မိုးဇလရဲ့ ထုတ်ပြန်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့က ကင်းအဖွဲ့တွေချထားဆောင်ရွက်တာပါ။’’ ဟုပြောသည်။ (Xinhua)