Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၈,၈၄၁ ဧက ရှိသောနယ်မြေကို မိုင်းဟိန်း (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

မိုင်းဟိန်း (တိုးချဲ့) ကြိုးပြင်ကာကွယ်တော၏ သဘာဝရှုခင်းကို တွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၈,၈၄၁ ဧက ရှိသောနယ်မြေကို မိုင်းဟိန်း (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်မှ စတင်၍ သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့် ရေအရင်းအမြစ်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံ ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထာက်အကူပြုစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးဟိန်း(တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ကျွန်း၊ တမလန်း၊ ပိတောက် စသည့် အဖိုးတန်သစ်မျိုးများနှင့် အင်၊ ကညင်၊ မအူ၊ ထောက်ကြံ့၊ ဖန်ခါး၊ သစ်ဆိမ့်၊ မျောက်ငို၊ လက်ပံ၊ ဇင်ပြွန်း၊ တောသရက်၊ တောင်တမာ၊ ဖန်ခါး၊ သပြေ စသည့်သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိသော ဂျီ၊ ဆတ်၊ ပြောင်၊ တောဝက်၊ ဒေါင်း၊ တောကြက်၊ ရှဉ့် မျောက်၊ တောကြောင် စသည့်တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ တိုးပွားလာနိုင်ခြင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများအတွက် ရေဝေရေလဲဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.