Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ် မြဝတီမြို့ အာရှလမ်းမကြီးတွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိ၊ မော်တော်ဆိုင်ကယ်စီးလာသူ လူငယ် (၂)ဦး သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အာရှလမ်းမကြီးတွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်း)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမပေါ်တွင် နိုဝင်ဘာ ၆ ရက်က တွဲကားနှင့် မော်တော်ဆိုင်ကယ် မတော်တဆတိုက်မိမှုဖြစ်ပွားခဲ့ပြီး တွဲကားတိမ်းမှောက်၍ မော်တော်ဆိုင်ကယ် စီးနင်းလာသည့် လူငယ် (၂) ဦး သေဆုံးခဲ့ကြောင်း မြဝတီမြို့ မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူ ကိုအာကာက ဆင်ဟွာသို့ နိုဝင်ဘာ ၇ ရက်၌ ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့ အာရှလမ်းမကြီးတွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်း)

ကရင်ပြည်နယ် မြဝတီမြို့ အာရှလမ်းမကြီးတွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိမှု ဖြစ်ပွားပြီး မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်း)

“ဖြစ်တာကတော့ မနေ့က မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်မှာဖြစ်တာပါ။ မော်တော်ဆိုင်ကယ်က ကြေမွနေပါတယ်။ ဆိုင်ကယ်ပေါ်ပါလာတဲ့ သူတွေက ဦးထုတ်ဆောင်းထားလားဆိုတာ မသိရပါဘူး။ တွဲကားကလည်း တိမ်းမှောက်ခဲ့ပါတယ်။ ဆိုင်ကယ်စီးလာတဲ့ ၂ ဦးထဲက ၁ ဦးက အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးတာပါ။ တစ်ဦးကတော့ ဒဏ်ရာ အပြင်းအထန်ရရှိတဲ့အတွက် ဆေးရုံရောက်မှာ သေတာပါ” ဟု ကိုအာကာက ပြောသည်။

သေဆုံးသူ ၂ ဦးစလုံးမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။ တွဲကားပေါ်ပါလာသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
“ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ မြဝတီက အလင်းသစ်လူမှုကူညီရေးအသင်းက Dead Body ကို သယ်သွားပါတယ်။ ကျွန်တော်တို့ကတော့ စောရောက်တော့ မသေဆုံးသေးတဲ့သူကို သယ်ပြီးအမြန်သွားတာပါ။ တွဲကားကလည်း လုံးဝမှောက်သွားပါတယ်” ဟု ကိုအာကာက ဖြည့်စွက်ပြောကြားသည်။ (Xinhua)