ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ထုံးမကြီးကျေးရွာသည် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများပြိုကျ၍ လူနေအိမ် များ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး၊ လက်ရှိတွင် ဧရာဝတီ မြစ်ရေ ထပ်မံမြင့်တက်နိုင်ချေရှိသည့်အတွက် ထပ်မံနေရာ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ကြံ့များကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ကြံ့နှင့် ပတ်သက်သော အယူအဆ အမှားများ ကိုလည်း သိရှိနိုင်စေရန် ကမ္ဘာ့ကြံ့များနေ့ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၌ စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မုတ္တမ ပင်လယ်ကွေ့နှင့် ထိစပ်လျက် ရှိသော မွန်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ရေတိမ်ဒေသ များကို ရမ်ဆာဒေသ အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများလေ့လာ စိစစ် သုံးသပ်ရေးကော်မရှင်မှ ဧရာဝတီ-မြစ်ဆုံနှင့် ပတ်သက်သော လေ့လာစိစစ် သုံးသပ်မှု ပထမ အစီရင်ခံစာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ကျွန်း၊သစ်မာ နှင့် အခြားသစ် တန် ၁၉,၁၀၀ ကျော်၊ တရားခံ ၃,၃၀၀ ကျော်၊ ယာဉ်ယန္တရား အစီးတစ်ထောင်ခန့် တို့ကို ဖမ်းဆီးရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝ...
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုအတွင်း နေထိုင်သော တစ်နိုင်တစ်ပိုင် ဘဲမွေးမြူသူ တစ်ဦးသည် ဘဲစာကျွေးရန် ချောင်းအတွင်း ရေငုပ်စဉ် မိကျောင်းကိုက်ချီ ဆွဲယူသွားခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ International Business Center(IBC) ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှု လျော့နည်း ပပျောက်ရေးအတွက် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား ဖမ်းဆီး အရေးယူလျက်ရှိရာ စက်တင်ဘာ ၁ရက် မှ ၉ရက်ထိ ကိုးရက်အတွင်း မော်တော်ယာဉ် ၂၃၄စီးကို...
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ယနေ့ နံနက် ၈း၅၀ နာရီ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံမီးပွိုင့်အနီးတွင် ယာဉ်(၇)စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး နှင့်ကြီးကြပ်မှု ကော်မတီ မှ သတင်းထုတ်ပြန်သည်။