Connect with us

Environment, Disasters & Accidents

အမြန်လမ်းပေါ်တွင် ကားမီးလောင်ပြီး လူ၈ဦးသေဆုံးမှု၌ အသက်ရှင်ကျန်ရစ်သူကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူ

မီးလောင်ကျွမ်းနေသော HI-ACE ယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄မိုင် ၂ဖာလုံခန့်တွင် ဖြစ်ပွားခဲ့သော ကားမီးလောင်ပြီး လူ၈ဦးသေဆုံးမှုတွင် အသက်ရှင် ကျန်ရစ်သူ အမျိုးသားကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသားက ပထမ ကားမောင်းတာ သူမဟုတ်ဘူး၊ သေသွားတဲ့လူမောင်းတာလို့ ထွက်ဆိုတာ ဒီနေ့တော့ သူဝန်ခံတယ်၊ သူကိုယ်တိုင်ကားမောင်းရင်း ဒီဖြစ်စဉ်ဖြစ်တယ်လို့” ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသက်ရှင် ကျန်ရစ်သူ ယာဉ်မောင်းသူ အောင်ခန့်(ခ)အောင်ခန့်ဇွဲအား အမှတ်(၃)အမြန်လမ်း ရဲစခန်းမှ ယာဉ် / ပ / ၄/၂၀၁၇၊ ပုဒ်မ ၃၀၄- က/၃၃၇/၂၈၅ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိသည်။

မီးလောင်ကျွမ်းသည့် HI-ACE ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ကာ လမ်းဘေးတွင် ကာရံထားသော အလူမီနီယံဘောင်ကို ဝင်တိုက်မိခဲ့ပြီး ဓါတ်ဆီတိုင်ကီကွဲ၍ မီးစတင် လောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.